Asoka Logo

ASOKA

Center for Buddhist Studies
ASOKA
Published 6 months ago

🍀💐 နှစ်သစ်ကူးကုသိုလ် 🍀💐

By Dr. Saw Htut Sander (Asoka)

သားငယ်သမီးငယ်များ၏ မိဘများရှင်..
မြန်မာနိုင်ငံရဲ့ မတ်လ ၂၈ ရက်နေ့က ဆိုးရွားစွာခံစားလိုက်ရတဲ့ ငလျင်ဘေးကြီးမတိုင်ခင် ကလေးငယ်များအတွက် online ကနေ The Life of Buddha ကို English, & Myanmar နှစ်ဘာသာနဲ့သင်ကြားပေးမယ် လို့ Google Form နဲ့ စာရင်းကောက်ခဲ့တာ ကလေးငယ် တစ်ရာခန့် စာရင်းပေးသွင်းခဲ့ကြပေမဲ့လည်း ယခု ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် internet connection အခက်အခဲများကြောင့် တက်နိုင်မည့် သားငယ်သမီးငယ်များ နည်းသွားရပါတယ်။ ဒါပေမဲ့ စိတ်အားထက်သန်စွာတက်ရောက်လိုကြသော သားငယ်သမီးငယ်များအတွက် သင်တန်းကို

🍀 မြန်မာနှစ်ဆန်း (၂) ရက်နေ့ ည ၈ နာရီမှ ၉:၃၀ အထိ Zoom မှ သင်ကြားပေးပါ့မယ်။

🍀 သင်တန်း မတက်ရောက်နိုင်သူများအတွက် ဤ website တွင် စာရင်းပေးသွင်းပြီး ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင် ။

🍀Inter connection ကောင်းချိန် ဝင်ရောက်လေ့လာနိုင်ရန် recording video များတင်ပေးထားပါ့တယ်ရှင့် ။

🍀စာရင်းပေးသွင်းလိုသူများအတွက် Google link မှာ အောက်ပါအတိုင်းဖြစ်ပါတယ် ။

>>>  https://forms.gle/1XJuwWDpQmfXFLqU9  <<<

Apr 21, 2025

ASOKA

Asoka Logo

© 2024 Asoka Center for Buddhist Studies. All rights reserved. Powered By ProTechMM